want [wont] (v)
1 to be interested in having or doing, or to wish
to have or do (something); to desire:
အလိုရှိသည်။ ဆန္ဒရှိသည်။
Do you want a cigarette?
စီးကရက် သောက်ချင်သလား။
She wants to know where he is.
သူဘယ်မှာ ရှိသလဲဆိုတာ သိချင်နေတယ်။
She wants to go home.
သူအိမ်ပြန်လိုသည်။
2. to need: လိုအပ်သည်။
This wall wants a coat of paint.
ဒီနံရံ ဆေးတစ်ထပ်သုတ်ဖို့လိုပြီ။
3. to lack: မပြည့်မစုံဖြစ်သည်။
This house wants none of the usual
modern features but I do not like it.
ဒီအိမ်မှာ ခေတ်ပေါ်အသုံး အဆောင်တွေ လိုလေသေးမရှိ ပြည့်စုံပါတယ်၊ ဒါပေမဲ့ ကျွန်တော်မကြိုက်ဘူး။
The people will want (be poor) no longer.
လူအများ ဆင်းရဲနွမ်းပါးကြ တော့မည် မဟုတ်ပါ။
-(n)
1. something desired: လိုချင်သည့်အရာ။
The child has a long list of wants.
ဒီကလေးမှာ လိုချင်တာတွေ များလှတယ်။
2. poverty: ဆင်းရဲခြင်း။
They have lived in want for many years.
နှစ်ပေါင်းများစွာ သူတို့ ဆင်းဆင်းရဲရဲ နေခဲ့ကြသည်။
3. a lack: မပြည့်စုံ မလုံလောက်မှု။
There's no want of opportunities these days.
ယခုအခါ အခွင့်အလမ်းများ မရှားပါးတော့ပါ။
'wanted (adj)
1. being searched for by the police because
of having committed a criminal act:
ရဲကအလိုရှိသော။
He is a wanted man.
သူ့ကို ရဲကအလိုရှိနေတယ်။
He is wanted for murder.
သူ့ကို လူသတ်မှုနဲ့ အလိုရှိနေတယ်။
2. (neg un-) (of people) needed; cared for:
လိုအပ်သော။ အပိုသက်သက် မဟုတ်သော။ ချစ်ခင်လိုလားခြင်း ခံရသော။
Old people must be made to feel wanted.
သက်ကြီးရွယ်အိုများအား ချစ်ခင် လိုလားမှုပြရန် လိုအပ်သည်။
want for to lack:
မပြည့်မစုံ၊ မလုံမလောက် ဖြစ်သည်။
She wants for nothing.
သူ့မှာ လိုလေသေးမရှိ ပြည့်စုံတယ်။
No comments:
Post a Comment