Wednesday, January 29, 2014

အပျိုကြီး များကြိုက်မိလျှင်.......သတိထား (ဝေမိုးကျော်(ရဲနွယ်မင်းသားလေး) က အေပရယ်လ 11, 2012 နေ့ 8:57pm မှာတင်ခဲ့ပါတယ်)


မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…-
အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…-


အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…-
အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…။
ပြီးတော့ ရှိပါသေးတယ်…၊ -
အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊(စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…) -
အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊(တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… ) -
အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…၊(အတတ်ပညာနဲ့ ပြည့်စုံတယ်…) -
အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…၊(နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…) -
နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…၊(၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)
မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်…အသက်(၂၅)ကိုဖြတ်ကျော်ပြီဆိုရင်… အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ…မရည်ရွယ်ဘူးဖြစ်စေ…"အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…။
တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…၊ "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…) -
"ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…) - "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟု ခေါ်သောအခါ တုံ့ပြန်ပုံ…) -
"ငါက သူ့ထက်တောင် နုပါသေးတယ်…" (သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…) - "ငါက မဖြစ်သေးပါဘူး… သူတို့ကသာ အရိုးဆွေးနေကြပြီ…" (သူမ၏စီနီယာ အပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ ဆင်ခြင်ပုံ…)
အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို အပျိုကြီးလို့ပြောမိရင်တော့…၊ -
"ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…" - "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…" -
"သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…" - "ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…" -
"ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…" - "ပိင်္ဂုတ္တရလုလင်တွေက ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…" -
"ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…" - "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…" -
"ငါ့အတွက်ဆိုရင် အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…" - "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…" -
"ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…" - "ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မနေနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…" -
"အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်" - "သွားမပါရင်နေ… ကားပါရင် စဉ်းစားမယ်…" စသည်ဖြင့်ပေါ့…၊။
(တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်… တစ်ချို.ကတော့မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်… တစ်ချို.ကတော့တည်တည်ကြီးတုံ့ပြန်ပါတယ်…)
မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကိုအလွန်နှမြောကြပါတယ်…။ အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက်ခေတ်ပေါ်Cosmetics များရဲ့ အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ…
ဇရာကိုကျားကန်ထားတတ်ကြပါတယ်… ။ "ဣတ္ထိရူပံ ဓနံ"… ဆိုတော့လည်း… ပြောရခက်သားပဲလေ…။
နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက… -သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…။
(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ လုံးဝလွှတ်မပေးတော့ပဲ အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…) -
သဝန်လည်း အင်မတန်တိုတတ်ပါတယ်…။ -မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…။
(ကောင်မလေးတွေက ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…) -
သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…။ -
တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့ အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…။
သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့ သဘောမတူသလို လုပ်တတ်ပါသေးတယ်…။
အထက်ပါ အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး… မိန်းကလေး တော်တော်များများမှာ ရှိတတ်တဲ့ အချက်တွေပါပဲ…။
ကဲပါ...မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…။ ဟိဟိဟိ....
သူငယ်ချင်းညီအကိုမောင်နှများ.....အမှားပါရင်တောင်ပန်ပါတယ်နှော်
ကျွန်တော်မည်သူတစ်ဦးတစ်ယောက်ကိုမှ....ရည်ရွယ်ပြီးရေးထားတာမဟုတ်ပါ....
တိုက်ဆိုင်မူရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါနှော်.....အားလုံးကိုလေးစားလျှက်.....အကြင်နာ

No comments:

Post a Comment