call
[ko:l]
(v)
1. to give a name to: အမည်တွင်သည်။ ခေါ်သည်။
My name is Alexander but I’m called
Sandy by my friends.
ကျွန်တော့်အမည်
Alexander ဖြစ်သော်လည်း မိတ်ဆွေများက
Sandy ဟုခေါ်ကြသည်။
2. to regard (something) as:
(တစ်ခုခုကို)ထင်မှတ်ယူသည်။ ဆိုသည်။
I saw you turn that card over-I call
that cheating. ဖဲချပ် လှန်တာကို ကျွန်တော်မြင်လိုက်တယ်။ ဒါလိမ်ရိုက်တယ်လို့ ဆိုရမှာပဲ။
3. to speak loudly (to someone) to attract
attention etc. တစ်စုံတစ်ယောက်အား ကြားသိအောင် အော်ပြောသည်။ (အော်)ခေါ်သည်။
Call everyone over here.
ဒီကိုလာကြဖို့ အားလုံးကို ခေါ်လိုက်ပါ။
She called louder so as to get his attention.
သူကြားလောက်အောင် အသံကို မြှင့်၍ ထပ်ခေါ်လိုက်သည်။
4. to summon; to ask (someone) to come
(by letter, telephone etc): ဆင့်ခေါ်သည်။ ခေါ်သည်။
They called him for an interview for the job:
အလုပ်အတွက် လူတွေ့မေးမြန်းရန် သူအားခေါ်လိုက်သည်။
He called a doctor.
ဆရာဝန်အားပင့်သည်။
1. to give a name to: အမည်တွင်သည်။ ခေါ်သည်။
My name is Alexander but I’m called
Sandy by my friends.
ကျွန်တော့်အမည်
Alexander ဖြစ်သော်လည်း မိတ်ဆွေများက
Sandy ဟုခေါ်ကြသည်။
2. to regard (something) as:
(တစ်ခုခုကို)ထင်မှတ်ယူသည်။ ဆိုသည်။
I saw you turn that card over-I call
that cheating. ဖဲချပ် လှန်တာကို ကျွန်တော်မြင်လိုက်တယ်။ ဒါလိမ်ရိုက်တယ်လို့ ဆိုရမှာပဲ။
3. to speak loudly (to someone) to attract
attention etc. တစ်စုံတစ်ယောက်အား ကြားသိအောင် အော်ပြောသည်။ (အော်)ခေါ်သည်။
Call everyone over here.
ဒီကိုလာကြဖို့ အားလုံးကို ခေါ်လိုက်ပါ။
She called louder so as to get his attention.
သူကြားလောက်အောင် အသံကို မြှင့်၍ ထပ်ခေါ်လိုက်သည်။
4. to summon; to ask (someone) to come
(by letter, telephone etc): ဆင့်ခေါ်သည်။ ခေါ်သည်။
They called him for an interview for the job:
အလုပ်အတွက် လူတွေ့မေးမြန်းရန် သူအားခေါ်လိုက်သည်။
He called a doctor.
ဆရာဝန်အားပင့်သည်။
5. to make a visit: သွားရောက်လည်ပတ်သည်။
I shall call at your house this evening.
ဒီညနေ ခင်ဗျားအိမ်ကို လာလည်မယ်။
You were out when I called.
ကျွန်တော်လာလည်တဲ့အချိန်မှာ ခင်ဗျား အပြင်သွားနေတယ်။
6. to telephone: ဖုန်းဆက်သည်။
I’ll call you at 6 p.m. ညနေ ၆ နာရီမှာ မင်းဆီကို ငါဖုန်းဆက်မယ်။
7. (in card games) to bid. (ဖဲဝိုင်းတွင်) လောင်းကြေးခေါ်သည်။
-(n)
1. an exclamation or shout:
အာမေဍိတ်သံ (သို့)အော်သံ။
a call for help. အကူအညီတောင်းသံ။
2. the song of a bird. ငှက်တစ်ကောင်၏ တွန်ကျူးသံ။
the call of a blackbird.
မြေလူးငှက်နက်၏ တွန်ကျူးသံ။
3. a (usu short) visit:
ခဏတစ်ဖြုတ်သွားရောက် တွေ့ဆုံခြင်း။
The teacher made a call on the boy’s parents.
ဆရာမသည် သူငယ်၏ မိဘများထံ သွားရောက် တွေ့ဆုံသည်။
4. the act of calling on the telephone:
တယ်လီဖုန်းဆက်ခြင်း။
I’ve just had a call from the police.
ရဲက ခုတင်ပဲ တယ်လီဖုန်းဆက်တယ်။
5. (usu with the) attraction: ခေါ်သံ။
the call of the sea. အဏ္ဏ၀ါ၏ (ဖိတ်) ခေါ်သံ။
6. a demand: အသုံးလိုမှု။
There’s less call for coachmen nowadays.
ယနေ့ခေတ်အခါတွင် မြင်းလှည်းသမားကို အသုံးနည်းလာသည်။
7. a need of reason: လိုအပ်ခြင်း။ အကြောင်းရင်း။
You've no call to say such things!
ဒီလိုဟာတွေ ပြောဖို့ ဘာမှ အကြောင်းမရှိဘူး။
'caller (n).
'calling (n)
a trade of profession: အသက်မွေးပညာ။
Teaching is a worthwhile calling.
ဆရာအလုပ်ဟာ မွန်မြတ်တဲ့ အသက်မွေးမှုဖြစ်တယ်။
'call-box (n)
a public telephone box.
အများသုံး တယ်လီဖုန်းရုံ။
call for
1. to demand or require: လိုအပ်သည်။
This calls for quick action. ဒီကိစ္စ အလျင်အမြန်လုပ်ဖို့ လိုတယ်။
2. to collect: လာ၍ခေါ်သည်။
I’ll call for you at eight o’clock.
မင်းကို ၈ နာရီမှာ လာခေါ်မယ်။
call off to cancel: ဖျက်သိမ်းသည်။
The party’s been called off. ဧည့်ခံပွဲကို ဖျက်သိမ်းလိုက်သည်။
call on to visit: အလည်အပတ်သွားသည်။ သွားရောက် တွေ့ဆုံသည်။
I’ll call on him tomorrow. နက်ဖြန်သူ့ကို ကျွန်တော်သွားတွေ့မယ်။
call up to telephone (someone):
(တစ်ဦးဦးအား) ဖုန်းဆက်သည်။
He called me up from the airport.
လေဆိပ်က ကျွန်တော့်ဆီ ဖုန်းဆက်တယ်။
give (someone) a call to telephone
(someone): ဖုန်းဆက်သည်။
I’ll give you a call tomorrow.
မနက်ဖြန် မင်းကို ငါ ဖုန်းဆက်မယ်။
on call keeping (oneself) ready to come out
to an emergency: အရေးပေါ်အတွက် အသင့်ရှိနေသော။
which of the doctors is on call tonight?
ဒီညအရေးပေါ် တာဝန်ကျတာ ဘယ်ဆရာဝန်လဲ။
No comments:
Post a Comment