think [TiNk] -(pt, ptp) thought [To:t] -(v)
1. (often with about) to have or form ideas in
one's mind: တွေးတောသည်။ စဉ်းစားသည်။ ဆင်ခြင်သည်။
Can babies think?
ကလေးလေးတွေ စဉ်းစားတတ်သလား။
I was thinking about my mother.
ကျွန်တော်က အမေ့အကြောင်းကို တွေးနေတာ။
2. to have or form opinions in one's mind;
to believe: ဆင်ခြင်ကြံဆသည်။ သဘောရသည်။
He thinks (that) the world is flat.
ကမ္ဘာကြီးပြားသည်ဟု သူယူဆသည်။
What do you think of his poem?
သူ့ကဗျာကို ခင်ဗျား ဘယ်လိုသဘောရသလဲ။
3. to intend or plan (to do something), usu
without making a final decision:
ကြံရွယ်သည်။ စဉ်းစားထားသည်။
I must think what to do.
ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားထားရမယ်။
I was thinking of/about going to Mandalay
next week. မန္တလေးကို နောက်အပတ်ထဲမှာသွားဖို့ ကြံရွယ်ထားတယ်။
4. to imagine or expect: ထင်သည်။
I never thought to see him again. Little
did he think that I would be there as well.
သူနဲ့ ပြန်တွေ့ရမယ်လို့ ကျွန်တော် လုံးဝမထင်ခဲ့ဘူး။ သူကလည်း ကျွန်တော် အဲဒီကို ရောက်လာ လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။
-(n)
the act of thinking:
စဉ်းစားခြင်း။ တွေးတောခြင်း။ ဒ္ဓနာစ္ဆ Go and have a think about it.
ကဲ၊ သွားပြီးတစ်ချက်လောက် စဉ်းစားလိုက်ပါဦး။
'thinker (n)
a person who thinks, esp deeply and
constructively: အပြုသဘော လေးလေးနက်နက် စဉ်းစားဆင်ခြင်သူ။ တွေးခေါ်ရှင်။
He's one of the world's great thinkers.
သူဟာ ကမ္ဘာ့တွေးခေါ်ရှင်ကြီး တစ်ဦးဖြစ်တယ်။
-thought-out planned:
ကြိုတင်စီစဉ်ထားသော။
a well-thought-out campaign.
ကောင်းစွာ ကြိုတင်စီစဉ်ထားသည့် လှုံ့ဆော်ပွဲ။
think better of
1. to think again and decide not to; to reconsider:
ပြန်လည်စဉ်းစားပြီး မလုပ်ရန် ဆုံးဖြတ်သည်။ ပြန်လည်စဉ်းစားသည်။
He was going to ask for more money,
but he thought better of it,
သူပိုက်ဆံတိုးတောင်းတော့ မလို့ဘဲ၊ ဒါပေမဲ့ ပြန်စဉ်းစားပြီး မတောင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
2. to think that (someone) could not be so bad
etc. (တစ်စုံတစ်ဦးအား) သည်မျှမဆိုးဟု ထင်သည်။
think highly, well, badly etc of to have
a good, or bad, opinion of:
အထင်အမြင်ကြီးသည်၊ ကောင်းသည်၊ သေးသည်။
She thought highly of him and his poetry.
သူ့ကိုရော သူ့ကဗျာကိုပါ အထင်ကြီးသည်။
think little of/ not think much of to have
a very low opinion of:
အထင်အမြင်သေးသည်။
He didn't think much of what I had done.
ကျွန်တော့်ဆောင်ရွက်ချက်များကို သူက အထင်သေးတယ်။
He thought little of my work.
ကျွန်တော့်အလုပ်/ လက်ရာကို သူ အထင်သေးတယ်။
think of
1. to remember to do (something); to keep in
one's mind; to consider:
(တစ်ခုခု) လုပ်ရန် သတိရသည်၊ အမှတ်ထားသည်၊ စဉ်းစားသည်။
You always think of everything!
ခင်ဗျားဟာ တယ်လည်း ထောင့်စေ့အောင် စဉ်းစားတတ်တဲ့ သူပဲ။
Have you thought of the cost involved?
ကုန်ကျစရိတ်ကိုရော ထည့်စဉ်းစားရဲ့လား။
2. to remember: မှတ်မိသည်။
I couldn't think of her name when I met
her at the party.
ဧည့်ခံပွဲမှာ တွေ့တုန်းက သူ့နာမည်ကို ရုတ်တရက် ဖော်လို့မရဘူး။
3. (with would, should, not, never etc) to be
willing to do (something): (တစ်ခုခု) လုပ်ရန်ဆန္ဒရှိသည်၊ စိတ်၌အကြံပေါ်သည်။
I would never think of being rude to her.
သူ့ကို ရိုင်းစိုင်းစွာပြုမူဖို့ ကျွန်တော့်စိတ်မှာ လုံးဝဆန္ဒမရှိဘူး။
He couldn't think of leaving her.
သူ့ကို စွန့်ခွာဖို့ဆိုတာ စိတ်နဲ့တောင် တွေးလို့မရဘူး။
think out to plan; to work out in the mind:
စီစဉ်သည်။ တွေးတောကြံစည်သည်။
He thought out the whole operation.
လုပ်ဆောင်ရမဲ့ လုပ်ငန်းကြီး တစ်ခုလုံးကို သူ စိတ်ကူးဖြင့် စီစဉ်အကွက်ချသည်။
think over to think carefully about;
ဂရုတစိုက်စဉ်းစားသည်။
to consider all aspects of
(an action, decision etc): အပြန်ပြန်အလှန်လှန် စဉ်းစားသည်။ ရှုထောင့်စုံမှ စဉ်းစားသည်။
He thought it over, and decided not to go.
အမျိုးမျိုးစဉ်းစားပြီးနောက် သူ မသွားဖို့ဆုံးဖြတ်သည်။
think twice (often with about) to hesitate
before doing (something); to decide not to do
(something one was intending to do):
ချီတုံ ချတုံ ဖြစ်သည်။ လုပ်ရန်ကြံရွယ်သည့်အရာကို မလုပ်ရန် ဆုံးဖြတ်သည်။
I would think twice about going, if I were
you. ငါသာမင်းဆိုရင် သွားမှာမဟုတ်ဘူး။
think up to invent; to devise:
တီထွင်သည်။ ဖန်တီးသည်။
He thought up a new process.
လုပ်ငန်း အစီအစဉ်သစ်တစ်ရပ်ကို စီစဉ်ကြံဆသည်။
think the world of to be very fond of:
အထူး ချစ်ခင်စုံမက်သည်။ He thinks the world of his wife.
သူ့ဇနီးကို သူ အလွန်ချစ်ခင်စုံမက်သည်။
No comments:
Post a Comment