give [giv] -(pt) gave
[geiv]:
(ptp) 'given -(v)
1. to cause to have: ပေးသည်။
My aunt gave me a book for Christmas:
အဒေါ်က ခရစ္စမတ်အတွက် ကျွန်တော့်ကို စာအုပ်တစ်အုပ် ပေးတယ်။
Can you give me an opinion on this?
ဒါနဲ့ပတ်သတ်ပြီးကျွန်တော့်ကို သဘောထားပေးနိုင်မလား။
2. to produce (something):
(တစ်စုံတစ်ရာ) ပေးသည်။ ထွက်သည်။
Cows give milk.
နွားမမှ နွားနို့ရသည်။
He gave a talk on his travels.
သူ့ခရီးသွားအတွေ့အကြုံကို ဟောပြောသည်။
3. to yield, break etc:
ညွတ်သည်။ ကွေးသည်။ ကွဲသည်။ ပြုတ်သည်။
This lock looks solid, but it will give
under pressure.
1. to cause to have: ပေးသည်။
My aunt gave me a book for Christmas:
အဒေါ်က ခရစ္စမတ်အတွက် ကျွန်တော့်ကို စာအုပ်တစ်အုပ် ပေးတယ်။
Can you give me an opinion on this?
ဒါနဲ့ပတ်သတ်ပြီးကျွန်တော့်ကို သဘောထားပေးနိုင်မလား။
2. to produce (something):
(တစ်စုံတစ်ရာ) ပေးသည်။ ထွက်သည်။
Cows give milk.
နွားမမှ နွားနို့ရသည်။
He gave a talk on his travels.
သူ့ခရီးသွားအတွေ့အကြုံကို ဟောပြောသည်။
3. to yield, break etc:
ညွတ်သည်။ ကွေးသည်။ ကွဲသည်။ ပြုတ်သည်။
This lock looks solid, but it will give
under pressure.
ဒီသော့ဟာ ခိုင်ပုံပေါက်ပေမဲ့ ကြမ်းရင်ပွင့်သွားနိုင်တယ်။
4. to organize (some event etc):
စီစဉ်သည်။
We're giving a party next week.
ကျွန်တော်တို့လာမည့်အပတ်မှာ ဧည့်ခံပွဲ တစ်ပွဲလုပ်ဖို့ စီစဉ်နေကြတယ်။
-(n)
the ability to yield or bend pressure:
ညွတ်အား။
This chair has a lot of give in it.
ဒီကုလားထိုင်က တော်တော်အိတယ်။
'given (adj)
1. stated: သတ်မှတ်ထားသော။
to do a job at a given time.
သတ်မှတ်ထားသည့်အချိန်တွင် ဆောင်ရွက်သည်။
2. (with to) in the habit of (doing) something:
လုပ်လေ့ရှိသော။ အကျင့်။
He's given to making stupid remarks.
သူဟာ မိုက်မိုက်မဲမဲ ပေါ့ပေါ့ဆဆ ပြောတတ်တဲ့အကျင့်ရှိတယ်။
3. taking (something) as a fact:
ပေးထားချက်။
Given that x equals three, x plus two
equals five. ပေးထားချက်
x=3 ဖြစ်၍
x+2=5 ဖြစ်သည်။
given name (Amer) a personal or Christian
name: ကင်ပွန်းတပ်အမည်။
give and take willingness to allow
someone something in return for
being allowed something oneself:
အပေးအယူ။
give away
1. to give etc (something) to someone
(eg because one no longer wants it):
ပေးပစ်သည်၊
I'm going to give all my money away.
ကျွန်တော်ရှိသမျှ စည်းစိမ် အားလုံးကို ပေးပစ်တော့မယ်။
2. to cause or allow (information etc) to become
known usu accidentally:
ဖော်မိသည်။
He gave away our hiding-place.
ကျွန်တော်တို့ ပုန်းခိုရာနေရာကို သူဖော်ပြောမိသည်။
(n 'give-away: the lingering smell
was a give-away).
စွဲကျန်နေသည့် အနံ့က ဖော်ကောင် လုပ်လိုက်သည်။
give back to return something:
ပြန်ပေးသည်။
She gave me back the book that
she borrowed last week.
လွန်ခဲ့သည့် သီတင်းပတ်က ငှားသွားသည့် စာအုပ်ကို သူပြန်ပေးသည်။
give in
1. to stop fighting and admit defeat; to yield:
အညံ့ခံသည်။ အရှုံးပေးသည်။
The soldiers were out-numbered
and gave in to the enemy.
ရန်သူ့အင်အားနှင့်မယှဉ်သာ၍ တပ်များကအညံ့ခံလိုက်ရသည်။
2. to hand or bring (something) to someone
(often a person in authority):
ပေးအပ်သည်။ တင်သွင်းသည်။
Do we have to give in our books
at the end of the lesson?
သင်ခန်းစာပြီးရင် ကျွန်တော်တို့ရဲ့ စာအုပ်တွေကို အပ်ရမလား။
give off to produce:
ထွက်သည်။ ထုတ်သည်။
That fire is giving off a lot of smoke.
ဒီမီးက မီးခိုးတွေအများကြီး ထွက်နေတယ်။
give or take allowing for the addition or
subtraction of:
ခန့်။ မျှ။ လောက်။
I weigh sixty-five kilos, give or take a little
(=approximately sixty-five kilos)
ကျွန်တော် (၆၅) ကီလိုလောက် လေးတယ်။
give out
1. to give usu to several people:
ပေးသည်။ ဝေသည်။
The headmaster's wife gave out the
school prizes.
ကျောင်းအုပ်ကြီး၏ ဇနီးက ဆုများကိုပေးသည်။
2. to come to an end:
ပြီးဆုံးသည်။
My patience gave out.
ကျွန်တော်ရဲ့သည်းခံနိုင်မှုကုန်ပြီ။
3. to produce:
ထုတ်သည်။ ပေးသည်။
The fire gave out a lot of heat.
ဒီမီးက အပူ တော်တော်ထွက်တယ်။
give rise to to cause:
ဖြစ်ပေါ်စေသည်။
This gives rise to a large number
of problems. ဒီကိစ္စကြောင့် ပြဿနာတော်တော် ပေါ်တယ်။
give up
1. to stop; abandon:
ဖြတ်သည်။ စွန့်သည်။
I must give up smoking;
ကျွန်တော် ဆေးလိပ်ဖြတ်ရမယ်။
They gave up the search.
သူတို့ဆက်မရှာတော့ပါ။
2. to stop using etc.
ဖြတ်သည်။ စွန့်သည်။
You'll have to give up cigarettes.
ခင်ဗျားစီးကရက် ဖြတ်ရလိမ့်မယ်။
I won't give up all my hobbies you.
မင်းအတွက်ဖြင့် ငါ့ဝါသနာ တွေကိုမစွန့်နိုင်ဘူး။
3. to hand over (eg oneself or something
that one has) to someone else:
လွှဲသည်။ အပ်သည်။
4. to devote (time etc) to doing something:
မြှုပ်နှံသည်။
He gave up all his time to gardening.
သူသည်ရသမျှအချိန်ကို ဥယျာဉ် စိုက်ခြင်းတွင် မြှုပ်နှံထားသည်။
5. (often with as or for) to consider
(a person, thing etc) to be:
ယူဆသည်။ ထင်သည်။
You took so long to arrive that
we had almost given you up (for lost).
မင်းတော်တော်နဲ့ ပေါ်မလာနိုင်လို့ တို့ကလုံးလုံးတောင် မမျှော်လင့်တော့ဘူး။
give way
1. to stop in order to allow eg traffic to pass:
ဦးစားပေးသည်။
Give way to traffic coming from the right.
လက်ယာဘက်မှယာဉ်ကို ဦးစားပေးပါ။
2. to break, collapse etc under pressure:
ပြိုသည်။ ကျိုးသည်။
The bridge will give way any day now.
တံတားဟာ အချိန်မရွေးကျိုးနိုင်တယ်။
3. to agree against one's will:
အလျှော့ပေးသည်။
I have no intention of giving
way demands like that. ဒီလိုတောင်းဆိုမှုမျိုးကို အလျှော့ပေး လိုက်လျောဖို့ ကျွန်တော်မရည်ရွယ်ဘူး။
No comments:
Post a Comment